သေချာတာတစ်ခုက ကျွန်တော်အိမ်ထောင်ပြုဖို့ လုံးဝအစီအစဉ် မရှိသေးဘူး

(စိုင်းစိုင်းခမ်းလှိုင်)
လူငယ်တွေကြားမှာ ရေပန်းစား နေပြီး ဟစ်(ပ်)ဟော့ အချစ်သီချင်း ကောင်းလေးတွေကို ရေးသားသီဆိုရင်း အောင်မြင်မှုရရှိလာပြီး ဂီတလောက မှာသာမက ရုပ်ရှင်လောကမှာလည်း ပါဝင်နိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို လတ် တလောအချစ်ရေးခံစားချက်တွေနဲ့ပတ် သက်ပြီး မေးကြည့်လိုက်တော့ သူက "ကျွန်တော့်ရဲ့ အချစ်ရေးကိုတော့ မ ပြောချင်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုက ကျွန်တော်အိမ်ထောင်ပြုဖို့ လုံးဝအစီအစဉ်မရှိသေးဘူးဆိုတာ ပြောချင်ပါတယ်"လို့ သူကဆိုပါတယ်။ အချစ်ရေးမှာ အပြောင်းအလဲတွေဖြစ် နေပေမယ့် အနုပညာလှုပ်ရှားမှုတွေက တော့ အပြောင်းအလဲမရှိ လျှောက် လှမ်းနေပါတယ်။ အခုလဲသူ့ရဲ့မွေးနေ့ ရှိုးအတွက်ပြင်ဆင်နေတဲ့ အကြောင်း တွေကို တစ်ခဏတာ မေးကြည့်မိတော့ "လတ်တလော လှုပ်ရှားမှုတွေကတော့ ကျွန်တော့်မွေးနေ့အတွက် ရီဟာဇယ် တွေပဲလုပ်ဖြစ်နေပါတယ်။ မွေးနေ့မှာ သီချင်းအပုဒ် ၄၀လောက်ဆိုဖို့ ပြင် ဆင်နေပါတယ်။ သီချင်းအသစ်သုံးပုဒ် လောက်ဆိုဖို့လဲ စီစဉ်ထားပါတယ်။ မွေးနေ့ရှိုးလုပ်ခဲ့တာခြောက်ကြိမ်ရှိပါ ပြီ။ လုပ်ခဲ့တဲ့နှစ်တိုင်း ကျွန်တော့်အတွက် က အမှတ်တရဖြစ်ရပ်တွေချည်းပါပဲ။ ကျွန်တော့်အတွက် တစ်သက်လုံးမမေ့ နိုင်စရာရက်တွေပါပဲတဲ့"။ သူ့မွေးနေ့ပွဲ ကို သူနဲ့အတူ သူ့သူငယ်ချင်းများစွာလည်း ပါဝင်မှာဖြစ်တဲ့အတွက် သိပ်ကိုပျော်ရွှင် တတ်ကြွနေပါတယ်။
Additional Info
-
Source:
Yangon Times
ʁʞɎʁ
E-mail: This e-mail address is being protected from spambots. You need JavaScript enabled to view itLatest from ʁʞɎʁ
Related Video
Image Gallery
1 Comment
-
Comment Link
Wednesday, 21 April 2010 07:01
posted by pt
နားထောင်ရအုံးမှာပေါ့လေ ...
This e-mail address is being protected from spambots. You need JavaScript enabled to view it









