ကတ်ပြားကို နိုင်ငံတကာ အဆင့်မီပြုလုပ်ထားပြီး အတုပြုလုပ်၍ မရအောင် လုံခြုံရေးစနစ် တိကျစွာ ထည့်သွင်းထားသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၎င်းက “တပြည်လုံး ပုံစံတမျိုးတည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် တိုင်းခွဲပြီး ပုံစံကွဲ၊ အရောင်ကွဲလည်း ဖြစ်နိုင်တယ်။ ခုထိ ကျနော်တို့ ရေရေရာရာ မသိရသေးဘူး။ အထူးလျှို့ဝှက်ထားတယ်” ဟု ပြောသည်။
နေပြည်တော် (ကညန) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်မှာ မကြာမီလများအတွင်း အငြိမ်းစားယူတော့မည်ဖြစ်သည့်အတွက် အထက်ပါအစီအစဉ်ကို အရေးပေါ် သတ်မှတ်လိုက်ခြင်း ဖြစ်ပုံရကြောင်း ရန်ကုန်တိုင်း ကညန ၀န်ထမ်းအချို့က ထင်ကြေး ပေးကြသည်။
ယခင် လိုင်စင်များတွင်လည်း လုံခြုံရေးစနစ်ရှိသည့်ကြားမှ လိုင်စင်တုများ ထွက်နေကြောင်း၊ ကွန်ပျူတာ အစစ်ခံနိုင်သည် ဟုဆိုကာ ယာဉ်မောင်းလိုင်စင် အညို၊ အနီ တခုကို ကျပ် (၃) သောင်းဖြင့် ကညန ၀န်ထမ်းများက လုပ်ပေးနေကြောင်း၊ ယာဉ်မောင်းလိုင်စင် (၂) ခု၊ (၃) ခု ကိုင်ထားသူများရှိကြောင်း ရန်ကုန်မြို့ခံ ယာဉ်မောင်းလိုင်စင်ရှိသူ တဦးက ပြောသည်။









