Entertainment (5)
စန္ဒီမြင့်လွင်၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် မေလအတွင်း ဖြန့်ချိရန်စီစဉ်

စန္ဒီမြင့်လွင်၏ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်သည့် 'ဆေးရောင်လှလှခြယ်ရအောင်' စီးရီးကို မေလအတွင်း ဖြန့်ချိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါတေးစီးရီးတွင် ဂျေးမီ၊ ၀ိုင်းစုခိုင်သိန်း၊ အားတီ၊ ဘိုလေး၊ ကျော်ထွဋ်ဆွေ၊ သီရိဆွေတို့က Featuring ပါဝင်သီဆိုထားကြောင်း သိရသည်။ ယင်းတေးစီးရီးတွင် ဂျေးမီ၊ အားတီ၊ ရသ၊ ကျော်ထွဋ်ဆွေ၊ ဘိုလေး၊ ကိုရွှေ၊ သြရသတို့ပါဝင် ရေးစပ်ထားသည့် တေးသီချင်း ၁၁ ပုဒ် ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ စန္ဒီရဲ့ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးကို မေလထဲမှာ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ 'ဆေးရောင်လှလှ ခြယ်ရအောင်' လို့အမည်ပေးထားတဲ့ စန္ဒီစီးရီးမှာ R & B နဲ့ Hip-Hop နှစ်မျိုးမျှပြီး ထည့်ထားပါတယ်။ ထူးထူးခြားခြားလေး ဖြစ်အောင်ပါ။ နောက်ပြီးဒီစီးရီးမှာ စန္ဒီရဲ့အာဖျံကွီး သီချင်းကိုလည်း ပြန်ထည့်ထားပါ တယ် ဟု စန္ဒီမြင့်လွင်က ပြောကြားခဲ့ပါသည်။
စင်ပေါ်ရောက်ရင်လည်း ခုချိန်ထိ ကြောက်နေတုန်းပဲဆိုတဲ့ ကြိုးကြာ

ဂီတလောကထဲကိုရောက်ခဲ့ တာ ခြောက်နှစ်ရှိခဲ့ပါပြီ။ ဒီနှစ် တွေမှာလည်း သီချင်းအေးအေး လေးတွေနဲ့ ပရိသတ်ရင်ထဲအ ရောက် သီဆိုနိုင်ခဲ့တဲ့ ကြိုးကြာနဲ့ ကြုံတွေ့ရတဲ့စင်ပေါ်ခံစားချက် လေးတွေကို သူမနဲ့ကြုံတွေ့တုန်း မေးဖြစ်ခဲ့တာတွေကတော့ "အနု ပညာသက်တမ်းက ခြောက်နှစ် လောက်ရှိနေပေမယ့် ကိုယ့်ကိုယ် ကိုယ် ခုချိန်ထိတော့မကျေနပ်သေး ဘူး။ ဘာကြောင့်လဲဆိုတော့ သမီး က ခုချိန်ထိ ကြောက်စိတ်က ရှိနေသေးတယ်ဆိုတော့ တစ်ခုခုလုပ်မယ် ဆိုရင် သေချာ မလုပ်ရဲသေးဘူး။ စင် ပေါ်ရောက်တာ နဲ့ကြောက်နေတုန်းပဲ ဆိုတော့ ဖြစ်ချင်တိုင်းမ ဖြစ်သေးဘူး ဖြစ်နေတယ်" လို့ဆိုပါတယ်။ အနုပညာ နဲ့ပတ်သက်လို့ သရုပ်ဆောင်အလုပ် ဆိုရင်တော့ လုံးဝကို မလုပ်ပါဘူးတဲ့။ သီချင်းတွေကိုသာ ဆိုဖြစ်သွားမှာပဲလို့ ပြောပါတယ်။ အခုလဲ နေပြည်တော် သင်္ကြန်မှာ သွားရောက် သီဆိုဖျော်ဖြေ ရမှာဖြစ်လို့ သီချင်း အနှေးလေးတွေသာ ရှိတဲ့သူမအတွက် သီချင်းအမြန်လေး တွေ စီစဉ်ဖြစ်နေပါသတဲ့။ သူမအနေနဲ့ သြဂုတ်လမှာလည်း IC အဖွဲ့နဲ့အ တူ သြစတြေးလျမှာ သွားရောက် ဖျော်ဖြေဖို့ရှိနေပါတယ်တဲ့။
သေချာတာတစ်ခုက ကျွန်တော်အိမ်ထောင်ပြုဖို့ လုံးဝအစီအစဉ် မရှိသေးဘူး

(စိုင်းစိုင်းခမ်းလှိုင်)
လူငယ်တွေကြားမှာ ရေပန်းစား နေပြီး ဟစ်(ပ်)ဟော့ အချစ်သီချင်း ကောင်းလေးတွေကို ရေးသားသီဆိုရင်း အောင်မြင်မှုရရှိလာပြီး ဂီတလောက မှာသာမက ရုပ်ရှင်လောကမှာလည်း ပါဝင်နိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို လတ် တလောအချစ်ရေးခံစားချက်တွေနဲ့ပတ် သက်ပြီး မေးကြည့်လိုက်တော့ သူက "ကျွန်တော့်ရဲ့ အချစ်ရေးကိုတော့ မ ပြောချင်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုက ကျွန်တော်အိမ်ထောင်ပြုဖို့ လုံးဝအစီအစဉ်မရှိသေးဘူးဆိုတာ ပြောချင်ပါတယ်"လို့ သူကဆိုပါတယ်။ အချစ်ရေးမှာ အပြောင်းအလဲတွေဖြစ် နေပေမယ့် အနုပညာလှုပ်ရှားမှုတွေက တော့ အပြောင်းအလဲမရှိ လျှောက် လှမ်းနေပါတယ်။ အခုလဲသူ့ရဲ့မွေးနေ့ ရှိုးအတွက်ပြင်ဆင်နေတဲ့ အကြောင်း တွေကို တစ်ခဏတာ မေးကြည့်မိတော့ "လတ်တလော လှုပ်ရှားမှုတွေကတော့ ကျွန်တော့်မွေးနေ့အတွက် ရီဟာဇယ် တွေပဲလုပ်ဖြစ်နေပါတယ်။ မွေးနေ့မှာ သီချင်းအပုဒ် ၄၀လောက်ဆိုဖို့ ပြင် ဆင်နေပါတယ်။ သီချင်းအသစ်သုံးပုဒ် လောက်ဆိုဖို့လဲ စီစဉ်ထားပါတယ်။ မွေးနေ့ရှိုးလုပ်ခဲ့တာခြောက်ကြိမ်ရှိပါ ပြီ။ လုပ်ခဲ့တဲ့နှစ်တိုင်း ကျွန်တော့်အတွက် က အမှတ်တရဖြစ်ရပ်တွေချည်းပါပဲ။ ကျွန်တော့်အတွက် တစ်သက်လုံးမမေ့ နိုင်စရာရက်တွေပါပဲတဲ့"။ သူ့မွေးနေ့ပွဲ ကို သူနဲ့အတူ သူ့သူငယ်ချင်းများစွာလည်း ပါဝင်မှာဖြစ်တဲ့အတွက် သိပ်ကိုပျော်ရွှင် တတ်ကြွနေပါတယ်။

အဆိုတော်ဘီရွန်ဆေးကို ကိုယ် ၀န်ရှိနေကြပြီလို့ သတင်းတွေအမျိုးမျိုး ထွက်နေကြပေမယ့် တကယ်တမ်းမှာ တော့ အဲဒီသတင်းတွေဟာ ကောလာ ဟလတွေသာဖြစ်ပြီး အခုအချိန်အ ထိ မိခင်လောင်းမဖြစ်သေးပါဘူးလို့ သူမရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆို လိုက်ပါတယ်။ "ဘီရွန်ဟာ ခင်ပွန်းဖြစ် သူ လူညိုချောကြီးဂျေးဇက်ရဲ့ ရင်သွေး ကလေးကို လွယ်ထားရပြီဖြစ်ပြီး ဖခင် လောင်းဂျေးဇက်တစ်ယောက် အတိုင်း မသိပျော်ရွှင်ရင်ခုန်နေပါတယ်။ သူတို့ ရဲ့ ပထမဆုံး ကလေးကိုရရှိတော့မှာ ဖြစ်ပါတယ်"လို့ အင်တာနက်မှတစ် ဆင့် သတင်းတွေပျံ့နှံ့ခဲ့တာကြောင့် တကယ်လားဆိုပြီး သူတို့နှစ်ဦးရဲ့ပရိ သတ်တွေ အံ့သြ၀မ်းသာနေကြပါ တယ်။ အခု တကယ်မဟုတ်ဘူးဆို တော့ စိတ်ပျက်စရာကြီးပေါ့။ မိခင် လောင်းအဖြစ် သတင်းပြေးခြင်းခံရတဲ့ ဘီရွန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး "အခုလောလောဆယ်တော့ ကိုယ်ဝန် မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး ကိုယ်ဝန်ဆောင်ဖို့အတွက် မလွဲမသွေ ဖြစ်လာမှာတော့ သေချာပါတယ်။ ကျွန်မကတော့ တကယ်ကောင်းမွန် တဲ့ မိခင်တစ်ဦးအဖြစ် နေထိုင်ချင်ပါ တယ်။ အခုလည်း လုံခြုံတဲ့ချစ်ခြင်း မေတ္တာတွေကို မယုံနိုင်အောင်ဘဲ လက် ထပ်ခြင်းကနေ ရရှိခဲ့တာပါ"လို့ ပြော ကြားခဲ့ပါသတဲ့။ ဂျေးဇက်ရဲ့ပင်ကို စရိုက်က စကားနည်းပြီး လျှို့ဝှက်တတ် တဲ့သူဖြစ်ပေမယ့် သူလည်း ရင်သွေး လေးတစ်ယောက်ကို အလွန်လိုချင်နေ တယ်လို့ သတင်းရရှိပါတယ်။
ဂီတမိတ် Music Center (မန္တလေး) ဖွင့်ပွဲ အခမ်းအနားကို မတ်(၂၃)ရက် နံနက်(၁ဝ) နာရီက မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ယဉ်ပျံရပ် (၂၈)လမ်း (၅၉)လမ်းထောင့် ဂီတမိတ် သင်တန်းခန်းမတွင် ကျင်းပသည်။ ဂီတမိတ် သင်တန်းဖွင့်ပွဲတွင် ရန်ကုန် ဂီတမိတ်အဖွဲ့မှ သင်တန်း ဂီတပညာရှင် ဦးဝင်းလှိုင်နှင့် ဂီတမိတ် မြူးဇစ်စင်တင်(မန္တလေး)မှ ဂီတပညာရှင် ပါရမီရွှန်းတို့က ဂီတမိတ် သင်တန်းနှင့် စပ်လျဉ်း၍ ဂီတပညာရှင်လူငယ်များမွေးထုတ်လျက်ရှိပုံများကို ရှင်းလင်းပြော ကြားကြသည်။ ဂီတမိတ်မြူးဇစ်စင်တာ(မန္တလေး)သည် ရန်ကုန်မြို့ တွင်ရှိသော ဂီတမိတ်မြူး ဇစ်စင်တာ၏ စင်တာခွဲတစ်ခုဖြစ်ကြောင်း သိရသည်။ ဂီတပညာသင်ယူလိုသူများအတွက် သာမက မန္တလေးမြို့နှင့် မန္တလေးပတ်ဝန်းကျင်မှ ဂီတပညာရှင်များနှင့် အနုပညာရှင်များ ဆုံဆည်းရန်နေရာတစ်ခုအဖြစ် ရည်ရွယ် ဖွင့် လှစ်ခြင်းဖြစ်ကြောင်းသိရသည်။ ဂီတမိတ် မြူးဇစ်စင်တာ(မန္တလေး)မှ Ensemble Singing/ Chain, Piano, Violin, Cello, Guitar ဘာသာရပ်များသင်ကြား ပို့ချပေးလျက် ရှိသည်။









