Technology (1)
Friday, 30 April 2010 03:53
Facebook အသုံးပြုသူများ၏ အသေးစိတ် အချက်အလက်များ ရောင်းချမည်ဟု ရုရှ ဟက်ကာ ကြော်ငြာ
Written by ʁʞɎʁ

ကွန်ပျူတာ ဟက်ကာတစ်ဦးသည် နာမည်ကျော် လူမှုကွန်ရက် ဝဘ်ဆိုက် Facebook အသုံးပြုသူ ၁.၅ သန်း၏ စကားဝှက်နှင့် အခြား အချက်အလက်များ ရောင်းချမည်ဟု ကြော်ငြာခဲ့သည်။
၎င်းအသေးစိတ် အချက်အလက်များကို ရုရှ ဝဘ်ဆိုက် တစ်ခုတွင် မှာယူနိုင်မည်ဖြစ်ပြီး အသုံးပြုသူ ၁၀၀၀ ၏ အချက်အလက်ပါ အစုတစ်စုကို ၄၅ ဒေါ်လာဖြင့် အတွဲလိုက် ရောင်းချသွားမည်ဟု ဆိုသည်။
အဆိုပါဖြစ်ရပ်သည် အချက်အလက်များ ခိုးယူခံရခြင်း မလိုလားအပ်သော အီးမေးလ် များ သန်းနှင့် ချီ၍ ပေးပို့ခြင်း အပြင် သတင်း အချက်အလက်များကို ရာဇဝတ်မှု ကျူးလွန်ရန် သုံးစွဲခြင်း များဖြစ်လာနိုင်သည် အထိ ကြောက်မက်ဖွယ် ကောင်းကြောင်း BBC မှဖေါ်ပြထားသည်။
Published in
Technology









